Tuesday 23 June 2009

Self Worst Reflected Exercise 2

အေး ယုရေ ကျမနားလည်တယ်...ခံစားလို့လည်းရတယ်.... ဘသူလဲဆိုတာလဲသိတယ်..... ကျမတူလေးနေမကောင်းတုန်းက ကျမအဖေက ကလေး အသဲအသန်ဖြစ်နေတာတောင်... ဘာလို့ခြင်ကိုက်ခံရတာလဲ... အစားတွေစုံအောင်ဘာလို့စားသလဲ စသဖြင့်လေရှည်တော်မူတယ်လေ... သူ့ဘက်ကကြည့်တော့ ကရုဏာဒေါသောပေါ့... ကျမကတော့ ကလေးဒလောက်ဖြစ်တာတောင် အပြစ်တင်ရကောင်းလားဆိုပြီး ကျမနဲ့ကျမအဖေ ဆေးရုံကြီးမှာ ကတ်ကြတာ ဆရာဝန်တွေတောင် ၀င်ဆွဲရတယ် ရှင်ပြောသလို စေတနာကဝေဒနာပေါ့အေ..... ကျမအဖြစ်လဲလူစုံတုန်းပြောချင်တာလေးရှိတယ်... ကျမပွင့်လင်းစွာပြောတာပါ... ကျမကစိတ်ရှင်းတယ် ရင်ထဲမှာရှိတဲ့အတိုင်း ဘွင်းဘွင်းပြောတတ်တယ်.. ကျမတို့လို ဂေးတွေဘ၀မှာ ကိုယ်ပိုင်ရင်သွေးဆိုတာရှိလာမှာမဟုတ်ဘူး... အ၆မပီပီ မိခင်စိတ်ကလဲရှိပြန်တော့ သူများကလေးတွေကိုပဲမပိုင်ဝက်မွေး ကြင်နာရတယ်.. ကျမကလက်တွေ့ဆန်ပါတယ်.. ကျမတူလေး တူမလေးတွေကို ပဲချစ်တယ်.. ကျမဘ၀မှာ သူတို့လေးတွေကကျမသားသမီးပဲ... သူတို့ကြီးလာလို့ သူတို့ဦးလေးဟာ ဂေးတယောက်မို့ ရှက်ပြီး အသိအမှတ်မပြုရင်လဲကျမကံပဲ... ဒါပေမယ့်ကျမပိုင်ဆိုင်သမျှစည်းစိမ်တွေက သူတို့အတွက်ပဲ... ဆိုလိုတာက သူတို့တွေက ကျမဘ၀မှာအရေးအကြီးဆုံးပဲ... သူတို့တွေနဲ့ယှဉ်ရင် ဘာမှကျမအတွက်အရေးမကြီးဘူး... မနေ့က ယုကိုဆဲဆိုတဲ့ ကောင်မက ကျမကို မမျိုးမွေးနေ့ Plan မေးတယ်.. ကျမတူလေးအခြေအနေပေးမူတည်ပြီး ကျမလာမယ်လို့ဖြေတော့ စိတ်ဆိုးပြီး ကျမကို Block လုပ်တယ်.. ကျမသဘောက ကျမအတတ်နိုင်ဆုံးလာနိုင်အောက် ကြိုးစားနေတယ်... ဗီဇာ.. air ticket အကုန်ကျမ ၀ယ်ပြီးပြီ... သွားမယ်ပြောတဲ့သူတွေတောင် ကျမလောက် ready မဖြစ်ကြသေးပါဘူး..... ဒါပေမယ့် ကျမတူလေးနေမကောင်း သေးရင်တော့ စိတ်မကောင်းစွာနဲ့ပဲ ကျမလာနိုင်မှာမဟုတ်ဘူး... ပြောကြမှာပေါ့ dengue ကဘာမှမဟုတ်ပဲကျမကသည်းတယ်ပေါ့... ကျမတူလေး temperature 105, 106 လောက်အထိတက်သွားတာတွေ.. သတိလစ်သွားတာတွေ.. သွေး၁၁ အိတ်သွင်းရတာတွေ.. ဒါတွေကျမပြန်မတွေးရဲဘူး... အခုသက်သာပြီဆိုပေမယ့် သူ့ကိုယ်တွင်းမှာ ဘာဖြစ်ကျန်ခဲ့လဲ ဘယ်သူမှမသိဘူး ကျမခံစားရတာ ကျမပူပန်ရတာ ကျမပဲသိပါတယ်.. ဒီလိုအဖြေမျိုးဖြေလို့စိတ်ဆိုးသွားရင်ကျမလဲမတတ်နိုင်ဘူး... တခုရှိတာက ကိုယ်ရေးကိုတာစိတ်အလိုမကျချိန်မှာ တခြားကိစ္စရပ်တွေကိုရောပြီး အမှားအမှန်မဝေဖန်ရင် မကောင်းဘူး... ကျမတို့ပေါင်းလာတာကြာပါပြီ... ဘာဘာညာညာ တွေမရှိခင်တည်းက ပေါင်းလာကြတာ... ကျမစိတ်တော့မကောင်းဘူး... ဒါပေမယ့် ဒီလိုမျိုး တလွဲဆံပင်ကောင်း ရောနှောမှုအတွက်တော့ တစက်ကလေးမှဝမ်းမနဲဘူး... လူဆိုတာကိုယ့်အကြောင်းကိုယ်ပဲသိကြတာပါ... အမြင်တွေရှင်းလင်းပါစေ... ယုရီကျန်းမာပါစေ....

2 comments:

  1. စိတ်ထဲကတကယ်ပဲ အမှန်ခံစားနေရတာဆိုရင်တော့ ဒီမှာဘဲတောင်းပန်လိုက်ပါတယ်။

    ကြိုတင်စီစဉ်ထားတာလားဆိုတာကိုတော့ ကိုယ့်ကိုကိုယ် အသိဆုံးပါ။

    ReplyDelete
  2. ဟဲ့ ဖေလိုးမတွေ တော်ကြစမ်း
    ငါလိုဘုရင်မ နင်တို့တွေ ကိုစောက်မြင်ကပ်တယ်
    ယုရီ စောက်ပိုမ
    ကယ်ဗင် အိုဗာတင်းမ
    နင်ပြောပုံကပဲ နင့်တူ ကိုသောက်ရမ်းချစ်ပိုနေသလိုလို
    တော်ပါအေ

    ခိခိခိ
    အားလုံးကိုချစ်တယ်နော်
    ချမ်း

    ReplyDelete